Business

foodpanda မှတစ်နှစ်ပြည့်ပြီ

  • ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဖောင်ကြီးဆေးရုံ၊ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံနှင့် We Love Yangon Foundation သို့ ငွေကျပ် ၁၀ သန်းဖိုးရှိ အစားအစာ ပွဲ ၃၀၀၀ တို့ကို လှူဒါန်းခဲ့သည်။
  • foodpanda မှ riders များအား ကျေးဇူးတင်သော အနေဖြင့် စွမ်းဆောင်ရည် အကောင်းဆုံးသော rider များအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပခြင်းနှင့် အခြားစွမ်းဆောင်ရည်ကောင်းမွန်သော rider အယောက် ၅၀၀ မှ တစ်ဦးချင်းစီအတွက် ငွေကျပ် ၃၀၀၀၀ တန်ဖိုးရှိ အသိအမှတ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
  • foodpanda မှ မှာယူစားသုံးသူများအားလည်း လက်ဆောင်များ ပေးပို့ခဲ့ကြသည်။
  • စကရင်မျက်နှာပြင်ပေါ်မှတစ်ဆင့် တေးဂီတများနှင့် အစားအသောက်အတွေ့အကြုံများ ခံစားရရှိနိုင်စေမည့် “foodpanda turns 1” ဟူသည့် အွန်လိုင်း အစားအသောက်ပွဲတော် အားလည်း ကျင်းပပြုလုပ်သွားမည်။

ရန်ကုန်၊ မြန်မာ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၄ ရက်။ အာရှပစိဖိတ်တစ်ဝှမ်းရှိ ထိပ်တန်း အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော foodpanda သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်ပြည့်သည့် အထိမ်းအမှတ်အနေဖြင့် အောင်မြင်စွာ ဝန်ဆောင်မှုပေးအပ်နိုင်ခဲ့သည့် တစ်နှစ်တာကာလအတွင်း foodpanda ၏ လုပ်ဆောင်ချက်များနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အွန်လိုင်း တေးဂီတဖျော်ဖြေမှုနှင့် အစားအသောက်ပွဲတော်တို့ကို စကရင်မျက်နှာပြင်မှတစ်ဆင့် တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှ တရားဝင် စတင်မိတ်ဆက်ဝင်ရောက်ခဲ့သည့် foodpanda သည် အသုံးပြုများအနေဖြင့် နှစ်သက်ရာအစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများကို အဆင်ပြေ လျှင်မြန်စွာနှင့် လုံခြုံစိတ်ချစွာ ဝယ်ယူရရှိနိုင်ရန် ၄င်း၏ ပလက်ဖောင်းပေါ်၌ စားသောက်ဆိုင် ထောင်ပေါင်းများစွာ တိုးချဲ့ခဲ့သည်။

“အခုလို မြန်မာနိုင်ငံမှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းပဲ ရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ ပြုလုပ်သွားမယ့်အပြင် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အသုံးပြုသူတွေ၊ မိတ်ဖက်စားသောက်ဆိုင်တွေနဲ့ riders တွေကို ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်တရလက်ဆောင်ပေးအပ်တဲ့ အစီအစဥ်တွေ ပြုလုပ်ပေးသွားဖို့လည်း စီစဥ်ထားပါတယ်။ နောင်လာမယ့်နှစ်မှာလည်း အသုံးပြုသူတွေအတွက် promotion အစီအစဥ်တွေနဲ့ တခြား ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အစီအစဥ်တွေအများကြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုအချိန်မှာတော့ အသုံးပြုသူတွေ တစ်ယောက်ချင်းစီတိုင်းနဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အတွက် မရှိမဖြစ် အရေးအကြီးဆုံးဖြစ်တဲ့ riders တွေအားလုံးကိုလည်း အခုလို တစ်နှစ်ပတ်လုံး တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု foodpanda Myanmar ၏ Managing Director ဖြစ်သူ ကိုဇေယျာမင်းမှ ပြောကြားခဲ့ပါသည်။

တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် foodpanda သည် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် meal voucher များ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများ လှူဒါန်းခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် ဆေးရုံများနှင့် အဖွဲ့အစည်းများသို့ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း လှူဒါန်းပေးအပ်ခဲ့သည်။ foodpanda သည် ၄င်း၏ ပထမဆုံးသော လူမှုအကျိုးပြုလုပ်ငန်းအနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ meal voucher အစောင် ၁၀၀၀ အပြင် မိတ်ဖက်စားသောက်ဆိုင်ဖြစ်သည့် YKKO မှ နေ့လည်စာ ပွဲ ၃၀၀ တို့ကို  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ My Banh Mi, Kaung Kyaik, Tea Live နှင့် Titu’s တို့နှင့် ပူးပေါင်းကာ နေ့လည်စာ ပွဲ ၁၂၀၀ နှင့် အလှူငွေ ကျပ်သိန်း ၄၀ တို့ကို ဖောင်ကြီးဆေးရုံသို့ လည်းကောင်း၊ အလှူငွေ ကျပ်သိန်း ၃၀နှင့် နီလာဒံပေါက်မှ ညနေစာ ပွဲ ၃၀၀ တို့ကို တောင်ဥက္ကလာပဆေးရုံသို့လည်းကောင်း၊ အလှူငွေ ကျပ်သိန်း ၃၀ ကို ဝေဘာဂီအထူးကုဆေးရုံသို့လည်းကောင်း အသီးသီးလှူဒါန်းခဲ့ကြပါသည်။ ထို့အပြင် အခြားလိုအပ်သည့် နေရာများသို့ ခွဲဝေလှူဒါန်းနိုင်ရန်အတွက် We Love Yangon သို့လည်း နေ့လည်စာ ပွဲ ၁၂၀၀ တို့ကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုများအပြင် foodpanda သည် သတ်မှတ်ထားသည့် voucher code အသုံးပြု၍ အစားအသောက်များ မှာယူသည့်အခါ မှာယူသည့်ငွေပမာဏ၏ တစ်စိတ်တစ်ဒေသကို လှူဒါန်းမှုပြုလုပ်ပေးသွားမည်ဖြစ်ပြီး ထိုအစီအစဥ်တွင် ပါဝင်ရန်အတွက် ပြည်တွင်းအနုပညာရှင်များနှင့် ပူးပေါင်းကာ အသုံးပြုသူများအား ဖိတ်ခေါ်သွားမည်ဖြစ်သည်။ ၄င်းအစီအစဥ်တွင် ပါဝင်လှူဒါန်းပေးမှုများအား လိုအပ်သည့် နေရာများတွင် ခွဲဝေလှူဒါန်းနိုင်ရန်အတွက် We Love Yangon သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

“foodpanda  ကနေ အစဥ်အမြဲ မှာယူနေတဲ့ အသုံးပြုသူတွေနဲ့ foodpanda ရဲ့ အရေးအပါဆုံးကဏ္ဍကနေ ပါဝင်နေတဲ့ rider တွေကြောင့်သာ  အခုလို အောင်အောင်မြင်မြင်နဲ့ ရပ်တည်နေနိုင်တာလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့တွေ ကိုယ်စား အကောင်းဆုံး တာဝန်ယူပြီး ဝန်ဆောင်မှုပေးခဲ့ကြတဲ့ riders တွေနဲ့ မှာယူစားသုံးသူတွေရဲ့ အစဥ်တစ်စိုက်အားပေးမှုတွေကြောင့် ဖော်မပြတတ်အောင် ဝမ်းသာမိပါတယ်။ ဒီလိုပဲ နောင်အနာဂတ်နှစ်တွေမှာလည်း မှာယူစားသုံးသူတွေ၊ riders တွေနဲ့အတူ မြန်မာနိုင်ငံမှာ foodpanda ရဲ့ ခရီးစဥ်ကို ဆက်လက်လျှောက်လှမ်းသွားလိုပါတယ်လို့ ပြောချင်ပါတယ်။” ဟု foodpanda Myanmar ၏ Managing Director ဖြစ်သူ ကိုဇေယျာမင်းမှ ဆက်လက်ပြောကြားသွားခဲ့ပါသည်။

ကပ်ရောဂါအခြေအနေများကြောင့် ခက်ခဲနေသည့် တစ်နှစ်တာကာလအတွင်း rider များ၏ အကောင်းမွန်ဆုံး တာဝန်ထမ်းဆောင်နိုင်မှုများအား အသိအမှတ်ပြုသည့် အနေဖြင့် rider များအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို foodpanda Myanmar ရုံးချုပ်တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ စွမ်းဆောင်ရည်အကောင်းမွန်ဆုံးသော rider အယောက် ၂၀ အား ၄င်းတို့၏ စွမ်းဆောင်နိုင်မှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်တကွ ဆုချီးမြှင့်ငွေများ၊ အသိအမှတ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ တစ်ချိန်တည်းတွင် foodpanda သည် အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ငွေကျပ် ၃၀၀၀၀ တန် voucher များနှင့် အသိအမှတ်ပြု လက်ဆောင်ပစ္စည်းများကို foodpanda မှ အများဆုံး မှာယူစားသုံးသူ အယောက် ၁၀၀ အား လက်ဆောင်ပေးအပ်ခဲ့ပါသည်။

အသုံးပြုသူများထံသို့ ပျော်ရွှင်ဖွယ်ရာ မုန့်ပွဲတော်အတွေ့အကြုံကို စကရင်မျက်နှာပြင်မှတစ်ဆင့် ပေးအပ်နိုင်ရန်အတွက် foodpanda ၏ brand ambassador ဖြစ်သူ မြန်မာ့စပါးအုံး ‌အောင်လအန်ဆန်၊ တေးသံရှင်များဖြစ်သည့် တင်ဇာမော်၊ ရွှေထူး၊ Eternal Gosh၊ Paul Austin၊ ချမ်းမြေ့မောင်ချိုနှင့် Lucky Hand ဂီတအဖွဲ့တို့နှင့်အတူ foodpanda တစ်နှစ်ပြည့် အွန်လိုင်းပွဲအစီအစဥ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပွဲစဥ်တစ်လျောက်တွင် တေးသံရှင်များမှ စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး ကြည့်ရှုအားပေးသူပရိတ်သတ်များအတွက် ဂိမ်းများဆော့ကစားကာ foodpanda မှ နိုင်ငံတွင်း၍ရှိ ပြည်သူများ ကောင်းမွန်သော အစားအသောက်နှင့် နေ့စဥ် အသုံးအဆောင်ပစ္စည်းများကို ခလုပ်နှိပ်လိုက်ရုံဖြင့် လျှင်မြန် အဆင်ပြေစွာ ဝယ်ယူနိုင်စေရန်အတွက် foodpanda သည်  ထောင်ပေါင်းများစွာသော ပြည်တွင်း စားသောက်ဆိုင်များနှင့် မိတ်ဖက်ပူးပေါင်းကာ ဆက်လက်တိုးချဲ့လျက်ရှိပါသည်။ ဗိုက်ဆာနေသည့် အချိန်တိုင်း အသုံးပြုသူများမှ မိမိနှစ်သက်ရာ မည့်သည့် အစားအသောက်၊ မည်သည့် ပမာဏကိုမဆို အလျှင်မြန်ဆုံး မှာယူစားသောက်နိုင်ရန်အတွက် foodpanda သည် အမျိုးမျိုးသော စားသောက်ဆိုင်များနှင့် မိတ်ဖက်ပူးပေါင်းကာ အရသာရှိသော အစားအသောက်များ ပို့ဆောင်ပေးနေပါသည်။

အွန်လိုင်းမှ အဆင်ပြေချောမွေ့စွာ အစားအသောက်မှာယူခြင်း အတွေ့အကြုံများခံစားရယူရန်အတွက် foodpanda အက်ပလီကေးရှင်းအား app store နှင့် Google Play store တို့တွင် ဒေါင်းလုပ်ရယူနိုင်ပြီး www.foodpanda.com.mm တွင်လည်း တိုက်ရိုက်ဝင်ရောက် ရယူနိုင်ပါပြီ။

Recent News